Sunday, June 30, 2013

Fake You APK

သူငယ်ချင်းတို့ ကို အခု ပေးမယ့် APK လေးကတော့ Fake You ဆိုတဲ့ APK လေးပါ။သူကတော့ သူငယ်ချင်းတို့ ရဲ့ ဖုန်းငွေလက်ကျန်စာရင်းကို အတုပြုလုပ်ပြီး သူငယ်ချင်းတွေကို စနောက်နိုင်ပါတယ်။ နောက်ပြီး အဝင်Call နဲ့ အထွက် Call တွေကိုလည်း ပြုလုပ်နိုင်ပါတယ်။ အခု ကျွန်တော် ဖုန်းဘေအတုကလေးကို ပုံနဲ့ တကွ ပြုလုပ်ပြထားပါတယ်။
သတိထားရမယ့် အချက်ကလေးက သူ့ကို သုံးရင် Cach တွေ တိုးလာတက်ပါတယ်။ ဒါ့ကြောင့် Cache Cleaner လေးကိုကော တစ်ပါးတည်း ထည့်ပေးလိုက်ပါမယ်။သူငယ်ချင်းတို့ မှာ တစ်ခု ရှိပြီးသားဆိုလည်း မလိုပါဘူး။ ပြသနာတစ်ခုက သူက * နဲ့ # ကို သူပေးထားတဲ့ အကွက်ထဲ မှာ ရိုက်ထည့်လို့ မရပါဘူး။ ဒါ့ကြောင့် ဒါကို ကျွန်တော် ကျော်နည်းပြောပြပေးပါမယ်။ ပထမ လုပ်ရမှာက သူငယ်ချင်းတို့ ရဲ့ Notepad ဒါမှ မဟုတ် ဖုန်းခေါ်တဲ့ ခလုတ်ကနေ ပြီးတော့ GSM ဆို *124# ဆိုတာလေးကို ရိုက်လိုက်ပါ။ ဘာကြောင့် ဂဏန်းအစစ်ထည့်ခိုင်းရလဲ ဆို သူငယ်ချင်းတွေကို စတဲ့အခါ တကယ့်ဂဏန်းအစစ်ထည့်ထားမှ ပိုပြီး ယုံနိုင်မှာ မို့ပါ။:P ရိုက်ပြီးပြီ ဆိုရင် အဲ့ဒီဂဏန်းတွေ အပေါ်ဖိပြီး Copy လုပ်လိုက်ပါ။(လုပ်တက်မယ်ထင်ပါတယ်နော်) လုပ်ပြီးရင် Fake You APK လေးထဲ က ဖုန်းနံပါတ် ထည့်ရမယ့် နေရာမှာ Paste ချလိုက်ပါ။ Message နေရာမှာ Company Message ကို မရွေးပဲ Custom Message လေးကို ရွေးပေးလိုက်ပါ။ ပြီးတော့ ကိုယ်ထည့်ချင်တဲ့ စာထည့်ပေါ့။(PS. တကယ်အစစ်လို့ ထင်စေချင်ရင်တော့ သူငယ်ချင်းတို့ ဖုန်းဘေ စစ်တဲ့အခါ ပေါ်လာတဲ့ စာသားအတိုင်း ရိုက်ထည့်ပေးလိုက်ပါ) ကျွန်တော်ကတော့ တစ်သိန်းဆိုပြီး ရေးပြထားပါတယ်။ သူက သူငယ်ချင်း က မဖြုတ်မချင်း အဲ့ဒီအတိုင်းပေါ်နေမှာ ဖြစ်တဲ့အတွက် တကယ်စစ်တဲ့အခါ အဲ့ဒီ APK လေးကို ပြန်ဝင် ပေးရပါမယ်။ ဝင်ပြီးတဲ့အခါ မှာ သူက သူငယ်ချင်းရေးထားတဲ့ စာတွေ ရှိတော့မှာ မဟုတ်ပါဘူး။ ဒ့ါကြောင့်နောက်တစ်ခါ ပြန်ရေးပေးရမှာပါ။ ကဲ အဆင်ပြေပါစေဗျာ။ အဆင်မပြေတာရှိရင်လည်း မေးနိုင်ပါတယ်။
ဖိုင်ဆိုဒ်က 3.96MB ပါ။
Download Fake You APK===>>>Fake You APK

Download APP Cache Cleaner===>>APP Cache Cleaner
 
Photo: Fake You
======

Download Fake You APK===>>>http://www.mediafire.com/download/974m0x4n7iw8zq7/Fake+You%281.1.6%29.apk

Download APP Cache Cleaner===>>http://www.mediafire.com/?dbabgy2rkjspbxx

1 Mobile Market Updated (V 3.7 )

သူငယ်ချင်းတို့ ကို ကျွန်တော် အရင်က ပေးထားတဲ့ 1 Mobile Market ရဲ့ Updated လေးပါပဲ။Version က 3.7 ပါ။ ဒေါင်းသွားလိုက်ပါဦး။
Download Here==>>>Download 1 Mobile Market Updated
 
Photo: 1 Mobile Market Updated (V 3.7 )
=====================
သူငယ်ချင်းတို့ ကို ကျွန်တော် အရင်က ပေးထားတဲ့ 1 Mobile Market ရဲ့ Updated လေးပါပဲ။Version က 3.7 ပါ။ ဒေါင်းသွားလိုက်ပါဦး။
Download Here==>>>http://www.mediafire.com/?7r3ix397l64o3m6

ဖုန်းထဲက Browser တွေမှာ မြန်မာလို ဖတ်ဖို့ Zawgyi TTF

သူငယ်ချင်းတို့ ရဲ့ ဖုန်းထဲ က Browser တွေ မှာ မြန်မာစာကို အဆင်ပြေပြေ ဖတ်ရှုနိုင်ကြပါသလား။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တော့ Zawgyi One ကို သာ အသုံးများတဲ့အတွက် ဖုန်းနဲ့ ဖတ်တဲ့ အခါမှာ အဆင်ပြေပြေ မဖတ်နိုင်ပါဘူး။ ဘာကြောင့်လဲဆို Browser တွေမှာ Unicode ပဲ ပါတာကြောင့်ပါပဲ။ ဖုန်းထဲက နဂိုပါတဲ့ Browser ပဲ ဖြစ်ဖြစ် နောက်မှ ထပ်ထည့်တဲ့ Mozilla Firefox လိုမျိုးပဲ ဖြစ်ဖြစ် ဖတ်ဖို့ အဆင်မပြေနိုင်ပါဘူး။ ကျွန်တော်လည်း အဆင်မပြေပါဘူး။ ဒါပေမယ့် ကျွန်တော့် ဆီမှာ ရှိနေတဲ့ Software လေးတစ်ခုကို အမှတ်မထင် ကျွန်တော် install လုပ်လိုက်မိပြီး ဂူဂယ် ကို ကျွန်တော် သုံးလိုက်မိတဲ့အခါ စာလုံးတွေ ဖတ်မရတာမျိုး မရှိတော့ပဲ မူလ တင်ထားတဲ့အတိုင်း ဖတ်ရှု့ရတာကို တွေ့လိုက်ရတော့ ကျွန်တော် အံ့သြသွားမိပြီး နောက် ဖုန်းတစ်လုံးကို ကျွန်တော် Install လုပ်ကြည့်လိုက်တဲ့အခါ မှ သေချာတယ်ဆိုတာ သိလိုက်ရလို့ ကျွန်တော် သူငယ်ချင်းတွေကို မျှဝေလိုက်တာပါ။ ဘာမှ ထပ်လုပ်စရာမလိုပါဘူး။ အခု ကျွန်တော် ပေးမယ့် Zawgyi TTF ဆိုတဲ့ APK လေးကို Install လုပ်လိုက်ရုံပါပဲ။ Install လုပ်ပြီးတဲ့အခါ Done ပဲ ပေါ်လာမှာ ဖြစ်ပါတယ်။ Open ဆိုတာတော့ နှိပ်လို့မရပါဘူး။ သူငယ်ချင်းတို့ အဆင်ပြေပါစေ။ဖိုင်ဆိုဒ်ကလည်း 125.89KB ပဲ ရှိပါတယ်။ ပုံနဲ့ မဖော်ပြတော့ပါဘူး အဆင်ပြေပါစေ။
Download Here==>>Download Zawgyi one TTF

Crazy Screen

သူငယ်ချင်းတို့ အတွက် APK လေးတွေကို မတင်ဖြစ်တာလည်း ကြာပြီဗျာ ။ ကျွန်တော့်အနေနဲ့ စိတ်သာ လာနိုင်ပြီး လူမလာနိုင်သလို ဖြစ်နေတယ်ဗျာ..။ အခု တော့ ကျွန်တော့် သူငယ်ချင်းတွေ အတွက် ကျွန်တော် မျှဝေပေးတော့မှာပါ။ အခု သူငယ်ချင်းတို့ အတွက် Crazy Screen ဆိုတဲ့ Application လေးတစ်ခု နဲ့ မိတ်ဆက်ပေးပါမယ်။ သူကတော့ သူငယ်ချင်းတို့ ရဲ့ ဖုန်း ထဲ မှာ အဲ့ဒီ APK လေးကို ဖွင့်ထားလိုက်တာနဲ့ သူက သူငယ်ချင်းဖုန်း ရဲ့ Screen ကို ထိမိသူတွေကို မှန်ကွဲသွားသလိုမျိုး လျှပ်စစ်ဓာတ်တွေ စီးဝင်နေသလိုမျိုးတွေ နဲ့ စနောက်နိုင်မှာ ဖြစ်ပါတယ်။ဖိုင်ဆိုဒ်ကလည်း 1.32MB ပဲ ရှိပါတယ်။ ဒေါင်းသွားလိုက်ကြပါဦးနော်.။
Download Here===>>Crazy Screen

Photo: Crazy Screen
========
သူငယ်ချင်းတို့ အတွက် APK လေးတွေကို မတင်ဖြစ်တာလည်း ကြာပြီဗျာ ။ ကျွန်တော့်အနေနဲ့ စိတ်သာ လာနိုင်ပြီး လူမလာနိုင်သလို ဖြစ်နေတယ်ဗျာ..။ အခု တော့ ကျွန်တော့် သူငယ်ချင်းတွေ အတွက် ကျွန်တော် မျှဝေပေးတော့မှာပါ။ အခု သူငယ်ချင်းတို့ အတွက် Crazy Screen ဆိုတဲ့ Application လေးတစ်ခု နဲ့ မိတ်ဆက်ပေးပါမယ်။ သူကတော့ သူငယ်ချင်းတို့ ရဲ့ ဖုန်း ထဲ မှာ အဲ့ဒီ APK လေးကို ဖွင့်ထားလိုက်တာနဲ့ သူက သူငယ်ချင်းဖုန်း ရဲ့ Screen ကို ထိမိသူတွေကို မှန်ကွဲသွားသလိုမျိုး လျှပ်စစ်ဓာတ်တွေ စီးဝင်နေသလိုမျိုးတွေ နဲ့ စနောက်နိုင်မှာ ဖြစ်ပါတယ်။ဖိုင်ဆိုဒ်ကလည်း 1.32MB ပဲ ရှိပါတယ်။ ဒေါင်းသွားလိုက်ကြပါဦးနော်.။
Download Here===>>http://www.mediafire.com/?jsc003dnya0d50y

Test Post

Test Post Test Post