သူငယ်ချင်းတို့ ရဲ့ ဖုန်းထဲ က Browser တွေ မှာ မြန်မာစာကို အဆင်ပြေပြေ
ဖတ်ရှုနိုင်ကြပါသလား။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တော့ Zawgyi One ကို
သာ အသုံးများတဲ့အတွက် ဖုန်းနဲ့ ဖတ်တဲ့
အခါမှာ အဆင်ပြေပြေ မဖတ်နိုင်ပါဘူး။ ဘာကြောင့်လဲဆို Browser တွေမှာ Unicode
ပဲ ပါတာကြောင့်ပါပဲ။ ဖုန်းထဲက နဂိုပါတဲ့ Browser ပဲ ဖြစ်ဖြစ် နောက်မှ
ထပ်ထည့်တဲ့ Mozilla Firefox လိုမျိုးပဲ ဖြစ်ဖြစ် ဖတ်ဖို့
အဆင်မပြေနိုင်ပါဘူး။ ကျွန်တော်လည်း အဆင်မပြေပါဘူး။ ဒါပေမယ့် ကျွန်တော့်
ဆီမှာ ရှိနေတဲ့ Software လေးတစ်ခုကို အမှတ်မထင် ကျွန်တော် install
လုပ်လိုက်မိပြီး ဂူဂယ် ကို ကျွန်တော် သုံးလိုက်မိတဲ့အခါ စာလုံးတွေ
ဖတ်မရတာမျိုး မရှိတော့ပဲ မူလ တင်ထားတဲ့အတိုင်း ဖတ်ရှု့ရတာကို
တွေ့လိုက်ရတော့ ကျွန်တော် အံ့သြသွားမိပြီး နောက် ဖုန်းတစ်လုံးကို ကျွန်တော်
Install လုပ်ကြည့်လိုက်တဲ့အခါ မှ သေချာတယ်ဆိုတာ သိလိုက်ရလို့ ကျွန်တော်
သူငယ်ချင်းတွေကို မျှဝေလိုက်တာပါ။ ဘာမှ ထပ်လုပ်စရာမလိုပါဘူး။ အခု ကျွန်တော်
ပေးမယ့် Zawgyi TTF ဆိုတဲ့ APK လေးကို Install လုပ်လိုက်ရုံပါပဲ။ Install
လုပ်ပြီးတဲ့အခါ Done ပဲ ပေါ်လာမှာ ဖြစ်ပါတယ်။ Open ဆိုတာတော့
နှိပ်လို့မရပါဘူး။ သူငယ်ချင်းတို့ အဆင်ပြေပါစေ။ဖိုင်ဆိုဒ်ကလည်း 125.89KB ပဲ
ရှိပါတယ်။ ပုံနဲ့ မဖော်ပြတော့ပါဘူး အဆင်ပြေပါစေ။
Download Here==>>Download Zawgyi one TTF
No comments:
Post a Comment
WELCOME TO AMACENTER