Wednesday, May 8, 2013

Gallery Lock

အခု တင်ပေးမှာ ကတော့ Gallery Lock ကလေးပါ ..။ သူရဲ့ လုပ်ဆောင်ချက်ကတော်တော်လေး ကောင်းပါတယ်..။ သူက apk ကလေးကို screen ပေါ် ကနေ ကို ဖျောက်ထားပေးနိုင်တဲ့အတွက် ချစ်သူနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတွေ Video တွေကို ဖျောက်ထားနိုင်ပါတယ်..။ ဘယ်သူမှ မရိပ်မိတော့ဘူးပေါ့..။ အဲ့ဒီလို screen ပေါ်ကနေ apk ကို ဖျောက်ထားပေးတယ် ဆိုရင် ဘယ်လို ဖွင့်မလဲ လို့ မေးစရာ ရှိပါတယ်..။ ဒါကတော့ ဒီလိုပါ ..။ Lock ဆိုတဲ့ အတိုင်း password ကတော့ လိုမှာ ပေါ့ ..။ Gallery Lock ကို ပုံမှန်အတိုင်း ဆိုရင် screen ပေါ်က apk ကို ဖွင့်မှ သာ password ရိုက်ထည့်ပေးရမှာ ပါ ..။ ကျွန်တော်တို့ က Screen ပေါ်က နေ ဖျောက်ပစ်မယ်ဆိုတော့ ..။ ဟုတ်ကဲ့ password ကို ဖုန်းခေါ်တဲ့ နေရာကနေ ရိုက်ထည့်ရမှာပါ..။ ကိုယ်ပေးထားတဲ့ password ကို ရိုက်ထည့်ပေးရုံပါပဲ..။ရိုက်ထည့်ပေးပြီး ဖုန်းခေါ်ဆိုရုံ နဲ့ သူက Gallery Lock ကို ဖွင့်ပြီး သား ဖြစ်သွားမှာပါ..။ ကျွန်တော်တို့ ကိုကိုတွေ မမ တွေ က Skype တို့ Viber တို့ လည်း install လုပ်ထားတက်ကြတယ်..။ ဟုတ်ကဲ့ မပူပါနဲ့ သူက ကျွန်တော်တို့ ပိုက်ဆံ ကုန် တဲ့ ဖုန်းခလုတ် နဲ့ ပဲ ရမှာပါ..။ ဒါဆို ရိုးရိုး ဖုန်းခေါ်တဲ့ ခလုတ် ကို ရွေးပေးရုံပါပဲ..။ ပိုက်ဆံတော့ တပြားမှ မကုန်ဘူးနော်..။သူကတော့ စစချင်း password ကို 3333ရိုက်ထည့်ပေးရမှာပါ ..။ ပြီးမှ ကိုယ်ပြောင်းချင်တာပြောင်းပေါ့..။ပြောင်းရမယ့် ခလုတ်တွေ ကို ကျွန်တော် နာမည်လေးပဲ ရေးပေးပါမယ်..။ Setting ထဲ မှာ ၀င်ရှာလိုက်ပေါ့..။ ကိုယ်ထည့်ချင်တာလေးတွေကို Gallery Lock ထဲ ထည့်ချင်တယ်ဆိုရင် Share ဆိုတာလေးကို နှိပ်လိုက်ရင် Share လုပ်နိုင်တဲ့ နေရာတွေ ထဲကမှ Gallery Lock ကို ရွေးပေးရုံပါပဲ..။ပြီးတော့ Gallery Lock က နေရာသုံးနေရာက ကိုယ်ထည့်ချင်တဲ့ နေရာကို ရွေးပေး ပြီးတော့ သူက Move လုပ်ပေးတာကို စောင့်ရုံပါ.။
ကဲ အဆင့်(၁) Gallery Lock apk ကို Install လုပ်ပါ
အဆင့်(၂) ဖွင့်ပြီးတာ နဲ့ password 3333 ကို နှိပ်ပြီး install လုပ်ပါ ..။
အဆင့်(၃) အောက်ဆုံးက Setting ကို နှိပ်ပါ..။
အဆင့်(၄)အပေါ်ဆုံးက Enable Steth Mode မှာ အမှန်ခြစ်ပေးပါ..။ဖုန်းခေါ်တဲ့ ခလုတ် နဲ့ ဖွင့်ဖို့ပါ..။ သူက ပြောင်းပြီးပြီးချင်း Screen ပေါ် က Gallery Lock ကလေးကို တစ်ချက်တော့ နှိပ်ဖို့လိုမယ် ဒါမှ သူက မရှိဘူး လို့ပြောပြီး apk လေး ပျောက်သွားမှာပါ..။ နောက်ပြီး ဖုန်းခေါ်တဲ့ ခလုတ် နဲ့ password ကို ရိုက်ထည့်ပေးရုံပါ..။ ဂဏန်းတွေ ထားတာ အကောင်းဆုံးပါပဲ..။
နောက်အဆင့်တွေ ကတော့ စာဖတ်ပြီး လုပ်တော့ပေါ့ ..။ password ကို ပြောင်းချင်ရင် Change Password ကို နှိပ်ရုံပါပဲ..။
ကဲ စာများသွားပြီ ဒီတစ်ခါ အများဆုံးပဲ အောက်မှာ ယူသွားလိုက်ပါဦး ကျွန်တော်ကတော့ စစချင်း ပုံကိုပဲ တင်ပေးထားတယ်နော်..။


Download Here--->>>Download Gallery Lock

No comments:

Post a Comment

WELCOME TO AMACENTER

Test Post

Test Post Test Post